ဟိုပန်မြို့နယ်၌ အသက်(၅)နှစ်မှ(၁၅)နှစ်နှင့်  အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးနှံပေး

ဟိုပန် ​အောက်တိုဘာ ၆

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ စီစဉ်ကြီးကြပ်၍ မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ(၁၅)နှစ်နှင့် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးလျက်ရှိရာ သက်ဆိုင်ရာဆေးထိုးအဖွဲ့များက ယနေ့နံနက်(၉)နာရီမှစတင်၍ ပန်လုံလမ်း၊ မိန်းပန်း(ဝ)၊ ဈေးရပ်ကွက်များရှိ ပြည်သူများအား ကိုးကန့်တိုင်းရင်းသား စာပေယဉ်ကျေးမှုကျောင်းစုရပ်၌လည်းကောင်း၊ နောင်မိုကျေးရွာအုပ်စုနှင့် ရွှေဝါကျေးရွာများရှိ ပြည်သူများအား ကောင်းကော်ကျေးရွာ ဘုရားကျောင်းစုရပ်၌လည်းကောင်း၊ ပန်ကောက်ကျေးရွာအုပ်စုရှိ ပြည်သူများအား ပန်ကောက်ကျေးလက်ကျန်းမာရေးဌာန စုရပ်နေရာ၌လည်းကောင်း အသီးသီးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်)ကို အသက်အုပ်စုအလိုက် သက်ဆိုင်ရာစုရပ်နေရာများ၌ ထိုးနှံပေးလျက်ရှိရာယနေ့တွင် ဆေးထိုးရန်အကျုံးဝင်သည့် ခန့်မှန်းဦးရေမှာ အသက်(၅)နှစ်မှ(၁၅)နှစ်အတွင်း ပြည်သူ(၁၂၀)ဦးနှင့်အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ပြည်သူ(၁၇၈)ဦးတို့ရှိကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

ဇင်ဇင်(ပြန်/ဆက်)