ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်ရှိ ဇယန်းရွာမ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းပရိတ်ရွတ်ခြင်း သင်္ကန်းဆက်ကပ်လှူဒါန်းပွဲပြုလုပ်

နမ့်ဆန် အောက်တိုဘာ ၆

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်ရှိ ဇယန်းရွာမ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းပရိတ်တရားရွတ်ခြင်း သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာအခမ်းအနား တတ်ရောက်လာကြသော ဆရာ၊ ဆရာမများ ကျောင်းသူ၊ ကျောင်းသားများက နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး ဆရာတော်ဦးပင်ညောထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သင်္ကန်းကပ်လှူခြင်း၊ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရားတော်များ ချီးမြှင့်တော်မူကြပြီး ဆရာ၊ ဆရာမများက ပင့်သံဃာတော်များအား သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများအား ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ဇယန်းကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)