ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ စည်ပင်သာယာရေးအဖွဲ့မှမြို့အင်္ဂါရပ်နှင့် ညီညွတ်စေရန်လမ်းတိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ဒဂုံမြောက် အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့သည် နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရန်၊ မြို့သန့်ရှင်းသာယာလှပစေရန်၊ လမ်းများကောင်းမွန်စေရန် မြို့ရွာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လမ်းအမာခံတိုးချဲ့တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းတိုးချဲ့တည်ဆောက်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးဘက်ဂျက်ဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၉၆.၆၉၅ ဖြင့် ပြည်ထောင်စုလမ်း (ဗိုလ်မှူးဗထူးလမ်းမှ  ရာဇာဓိရာဇ်လမ်းထိ ကွန်ကရိခင်းခြင်းနှင့် အမာချဲ့ခြင်း(၃၁၀၀ ပေ × ၁၂ ပေ × ၉ လက်မ)အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ လမ်း၊ တံတားဌာန တာဝန်ခံအင်ဂျင်နီယာထံမှ သိရသည်။

မြင့်မြင့်ရီ(ဒဂုံမြောက်)