လှည်းကူး အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ အောက်တိုဘာလ(၅)ရက်နေ့တွင်ကျရောက်ခဲ့သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် ပဉ္စမအကြိမ်သက်ကြီးမြတ်ဆရာပူဇော်ပွဲအခမ်းအနားကို အ.ထ.က(မြို့မ)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာကျောင်းသား/သူလေးများက မြတ်ဆရာသီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူးဒေါ်သိန်းရွှေမှ ဝမ်းမြောက်စကားများပြောကြားခဲ့ကြောင်း သိရသည်။ လှည်းကူးမြို့နယ်အတွင်း ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် သက်ကြီးမြတ်ဆရာပူဇော်ပွဲအခမ်းအနားကို နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်လျက်ရှိပြီး ယခုအကြိမ်မြောက်ဆိုလျှင် ပဉ္စမအကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြတ်ဆရာပူဇော်ပွဲအခမ်းအနားတွင်လည်း အငြိမ်းစားယူသွားခဲ့ကြသည့် ဆရာကြီး၊ ဆရာမကြီး(၁၁၃)ဦးတို့အား တစ်ဦးလျှင်ဂုဏ်ပြုပူဇော်ငွေကျပ် သုံးသောင်းငါးထောင်စီကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဒေါ်သိန်းရွှေ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)