ဘူးသီးတောင် အောက်တိုဘာ ၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းနိုင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်(၉)နာရီအချိန်က ဘူးသီးတောင်မြို့ မြို့မစည်ပင်သာယာစျေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်နည်းသရုပ်ပြ အခမ်းအနားကို ပြုလုပ်ခဲ့ကြသည်။ ရှေ့ဦးစွာ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းဝင်းနိုင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သတ်၍ အသိပညာပေး ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်သန်းဝင်းက မီးငြိမ်းသတ်နည်းဖြစ်သော အောက်ဆီဂျင်ဖြတ်တောက်မီးငြိမ်းသတ်နည်း (ဖုံးအုပ်)၊ မီးသတ်ဆေးဗူး ကိုင်တွယ်အသုံးပြုနည်းများအား သရုပ်ပြသခဲ့ပြီးစျေးသူ/ သားများအား လက်တွေ့လေ့ကျင်းပေးခြင်းများ ပြုလုပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်အဖွဲ့သည် မြို့မစည်ပင်သာယာစျေးရှိ မီးသတ်ဆေးဗူးများအား လိုက်လံကြည့်ရှုစစ်ဆေးခဲကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးခင်မောင်ဇံနှင့်ဝန်ထမ်းများ၊ စျေးသူ/ စျေးသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှကျော် ( ပြန်/ဆက်)