သာစည် အောက်တိုဘာ ၆
မိတ္ထီလာခရိုင်၊ သာစည်မြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အသက်(၇၀)ပြည့်နှစ်နှင့်အထက် အငြိမ်းစား ပညာရေးဝန်ထမ်း ဆရာ ကြီး/ဆရာမကြီးများအား ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်ပညာရေးမှူးရုံးခန်းမ၊ ဟံဇားကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခန်းမနှင့် ညောင်ရမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့၌ တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရ သည်။
ရှေးဦးစွာ သာစည်မြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင့်ဘော်က ကမ္ဘာ့ဆရာများနေ အထိမ်းအမှတ်၊ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် ကမ္ဘာ့ဆရာများနေ့ ကျင်းပရေး ကော်မတီဆရာကြီး ဦးခင်မောင်ဝင်းက လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းခြင်းခဲ့ပြီး၊ အသက်(၇၀) ပြည့်နှင့်အထက် ဆရာကြီး/ဆရာမကြီးများအား ဩကာသကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြသည်။
အဆိုပါ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသက်(၇၀)ပြည့်နှစ်နှင့်အထက် အငြိမ်းစား ပညာရေးဝန်ထမ်း ဆရာကြီး/ဆရာမကြီးများအား ပူဇော်ပွဲတွင် ဆရာကြီး/ဆရာမကြီးများအား တစ်ဦးလျှင် ကျပ် (၅၀၀၀၀/-)ဖြင့် သာစည်မြို့နယ် ပညာရေးမှူးရုံးတွင် (၆၄)ဦး၊ ဟံဇားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် (၂၃)ဦး၊ ညောင်ရမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် (၁၇)ဦးတို့ အတွက် ကျပ် ၅၂၀၀၀၀၀/- ပူဇော်ကန်တော့ကြရာ၊ ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများကိုယ်စား ဆရာကြီးတစ်ဦးမှ တပည့်များအား နှုတ်ချွေစကားချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မြိုနယ်ပြန်/ဆက်