ပင်လုံ အောက်တိုဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် အောင်မြင်ဖြစ်ထွန်းနေသော မိုးစပါးစိုက်ခင်းများနှင့် ပင်လုံမြို့စိုက်ပျိုးရေးဦးစီးဌာန ခြံဝန်းအတွင်း၌ စိုက်ပျိုးထားရှိသော ဆောင်းသီးနှံရေဆင်း(၁)စပ်မျိုးနေကြာစိုက်ခင်းအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးချိုနိုင်ထွန်းနှင့် လွိုင်လင်ခရိုင်ဦးစီးမှူးတို့လိုက်ပါ၍ ဆောင်းသီးနှံရေဆင်း(၁)စပ်မျိုးနေကြာအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုပြီး ပြည်နယ်ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့်စပ်လျဉ်း၍ လိုအပ်သည်များပြောကြားခဲ့ကြောင်း သိရပါသည်။
မြို့နယ်(ပြန်/ဆက်)