ကျိုက်ထိုမြို့နယ်တွင် အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာ (အခမဲ့ ) စစ်ဆေးပေး

ကျိုက်ထို အောက်တိုဘာ ၆

မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာနနှင့် ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပြည်သူများ အဆုတ်ရောဂါကူးစက် ပြန့်ပွားမှုလျော့နည်းစေရေးအတွက် ရွေ့လျားကွန်ပျူတာဓါတ်မှန်စက်ဖြင့် အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာ စစ်ဆေးပေးခြင်းကို အောက်တိုဘာ ၅ ရက် နံနက် ပိုင်းတွင် ကျိုက်ထိုမြို့နယ်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ယင်းသို့စစ်‌ဆေးမှုဆောင်ရွက်ပေးခြင်းကို မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ထွန်းဦး (အဆုတ်နှင့်ရင်‌ခေါင်းဆိုင်ရာ စစ်ဆေးကုသရေးဌာန)မှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကျိုက်ထိုမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာများရှိ ပြည်သူများအားစုရပ်နေရာ (၁၀)နေရာ၌ အောက်တိုဘာ ၃ ရက်နေ့မှ စတင်ကာ အောက်တိုဘာ ၁၅ ရက်နေ့ထိ  နယ်လှည့်သွားရောက်၍ အခမဲ့ စစ်ဆေးပေးသွားမည်ဖြစ်ပြီး လိုအပ်သော‌ ဆေးဝါးများကို အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)