မိုင်းစံ အောက်တိုဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့တွင် တောရဂူကျောင်းသွားလမ်းတွင် မြောင်းများ၊ တံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈) နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
ထိုသို့ဆောင်ရွက်ရာတွင် ခလရ (၁၅၀) တပ်ရင်းမှအရာရှိများနှင့် စစ်သည်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက မြောင်းများတူးဖော်ခြင်း၊ တံတားများပြန်လည်ပြုပြင်ခြင်းကို စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်၊၊ အဆိုပါနေရာများတွင် အမှိုက်များနှင့်ပေါင်းမြက်များ ရှင်းလင်းကောက်ယူခြင်း၊ သစ်ပင်သစ်ကိုင်း၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းစံ (ပြန်/ဆက်)