ပုသိမ်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်အချို့လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွား

ပုသိမ်ကြီး အောက်တိုဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စု၊ (၁၉)လမ်း၊ မန္တလေး-ရန်ကင်းတောင်သွားကားလမ်းမပေါ်သို့ ဘောစကိုင်းသစ်ပင်များလဲကျ၍ လမ်းပိတ်ဆို့မှု ဖြစ်ပွားနေကြောင်း ယနေ့နံနက် ၃နာရီခန့်က သိရှိရသဖြင့် မြို့နယ် မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ သွားရောက်ရှင်းလင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လမ်းပိတ်ဆို့ကြောင့် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းသန့် ဦးဆောင်မှုဖြင့် ဒေါင်ဖန်း မီးငြိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေတပ်ဖွဲ့ဝင်(၆)ဦးတို့ဖြင့် ရှင်းလင်းခြင်းများသွားရောက် ဆောင်ရွက်ပေးခဲ့ရာ နံနက် ၃ နာရီခွဲတွင် ရှင်းလင်းမှုများ ဆောင်ရွက်ပြီးစီးခဲ့ပြီး အများ ပြည်သူများ အမြဲသုံးစွဲလျက်ရှိသော လမ်းမကြီးဖြစ်သောကြောင့် ချက်ခြင်းအမြန်ဆောင်ရွက် ရခြင်းဖြစ်ကြောင်း၊ သစ်ပင်များလဲကျ၍ လမ်းပိတ်ဆို့မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက် ဒဏ်ရာရရှိခြင်းများ မရှိကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)