မိတ္ထီလာ အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ပညာရေးဝန်ထမ်းမိသားစုမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့နံနက်က မြို့နယ်အတွင်းရှိ အသက် ၇၀ နှစ်အထက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီး ၂၄၈ ဦးအတွကက် ငွေကျပ် ၆၂ သိန်းအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
၂၀၂၂ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် မိတ္ထီလာမြို့နယ်ပညာရေးကော်မတီမှ ဦးဆောင်ပြီး အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ရှိ ပညာရေးဝန်ထမ်းမိသားစုများက အဖွဲ့ ၂၅ ဖွဲ့ဖြင့် မြို့နယ်အတွင်းရှိ အသက် ၇၀ နှစ် အထက် အငြိမ်းစားဆရာကြီး ဆရာမကြီး ၂၄၈ ဦးအား အိမ်တိုင်ရာရောက် တစ်ဦးလျှင် ငွေကျပ် ၂၅၀၀၀ နှုန်းဖြင့် ငွေကျပ် ၆၂၀၀၀၀၀ အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)