ဝမ်းတွင်း အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် DLY အသားတိုး ဝက်မျိုးမွေးမြူသူများအနေဖြင့် အမြတ်အစွန်းများရရှိ၍ မွေးမြူသူများအနေဖြင့် အပိုဝင်ငွေများ ရရှိကာ မိသားစုဘဝများအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အနေဖြင့် စက်ရက်ကန်းလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး ကျားဝတ်/မဝတ် အထည်အမျိုးမျိုးကို ဒေသအနှံအပြားသို့ရောင်းချနေသော ရက်ကန်းမြို့ တစ်မြို့ဖြစ်ပြီး အခြေခံအလုပ်သမားအများစုရှိရာ မြို့တစ်မြို့လည်းဖြစ်ပါတယ်၊ ဒေသခံ ပြည်သူများအနေဖြင့် အခြားသော စိုက်ပျိုးရေး၊ မွေးမြူးရေး ရာသီပေါ်သီးနှံများကို ဝယ်ရောင်းသည့် လုပ်ငန်းများကို တွဲဖက်လုပ်ကိုင်လျက်ရှိရာ အရပ်ခေါ် (CP) အသားတိုး (DLY)ဝက်မျိုးကို တစ်ပိုင်တစ်ပိုင်မွေးမြူသူများအနေဖြင့် အချိန်တိုအတွင်း အမြတ်အစွန်း များရှိကာ အပိုဝင်ငွေများရရှိတာကြောင့် မွေးမြူသူများနေကြောင်း ရပ်ကွက်နေ ပြည်သူများထံမှသိရသည်။ DLY အသားတိုးဝက်မျိုးအနေဖြင့် (၄၅) ရက် သားအရွယ်မှ စတင်မွေးမြူပြီး (၄) လအရွယ်တွင် ရောင်းတန်းဝင်ကာ ထုတ်ရောင်းလို့ရရှိကြောင်း၊ အခြားဝက်တွေလို ခန့်မှန်းနဲ့မရောင်းရဘဲ (ပိဿာချိန်) ကတ်တားချိန်ဖြင့် ရောင်းရကြောင်း၊ DLY ဝက်မျိုးကို မွေးမြူရာတွင် (၄) လသားအရွယ်တွင် အချိန်ပိဿာ (၆၀) ရှိကြောင်း၊ တစ်ပိဿာကို (၈၅၀၀) နှင့် (၁၀၀၀၀) ကြားဈေးပေါက်ကြောင်း၊ ဝက်တစ်ကောင် ရောင်းတန်းဝင်သည့်အချိန်ထိ ကျွေးစရိတ် (၁၂၀၀၀၀) ကျပ်သာ ကုန်ကျပြီး ရောင်းတန်း ဝင်ချိန်တွင် ကျပ်(၅၀၀၀၀၀)နှင့် (၆၀၀၀၀၀) ဝန်းကျင်ရရှိကာ ဝက်မျိုးဖိုးနှင့်အစာဖိုးနုတ်ပြီး ဝက်တစ်ကောင်၏ အမြတ်ငွေမှာ ကျပ် (၂၅၀၀၀၀-၃၀၀၀၀၀) ကြား ရရှိတာကြောင့် မွေးမြူသူတွေအနေဖြင့် အချိန်တိုးအတွင်း အမြတ်စွန်းများရရှိရာ မိသားစုတစ်ပိုင် တစ်နိုင်ကနေ စီးပွားဖြစ်မွေးမြူရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။
(DLY) အသားတိုးဝက် ဒေသခေါ်(CP)ဝက်မျိုးအပြင် အခြားသောမျိုးစိတ်များရှိတာကြောင့် ကိုယ်ဒေသနဲ့ အဆင်ပြေမဲ့ဝက်မျိုးများကို ရွေးချယ်မွေးမြူသင့်ပြီး ဝက်သားပေါက် ရောင်းရသူများအနေဖြင့်လည်း မိမိတို့ရောင်းချခဲ့သော ဝက်မျိုးများကို ရောင်းတန်းဝင် ချိန်တွင် ပေါက်ဈေးဖြင့် ပြန်လယ်ဝယ်ယူလျက်ရှိကာ တစ်ပိုင်တစ်နိုင်မွေးမြူသူနှင့် စီးပွားဖြစ် မွေးမြူသူများအနေဖြင့် အဆင်ပြေလျက်ရှိပြီး လက်ရှိကာလပေါက်ဈေး DLY ဝက်ကျင်းတက် (၄၅) ရက်သားတစ်ကောင်လျှင် ကျပ်(၁၂၀၀၀၀) ဝန်းကျင်ရှကြောင်း DLY ဝက်မွေးမြူသူ ကိုလင်းလင်းထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)