ညောင်ဦးမြို့နယ် ရွှေဥမင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ နံရံကပ် စာစောင်ပြသခြင်းများဆောင်ရွက်

ညောင်ဦး  အောက်တိုဘာ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတ တိုးပွားစေရေး၊ စာကြည့်တိုက်သို့ လာရောက်စာအုပ်၊ စာပေမငှားနိုင်သော ကျောင်းသား ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာပေ၊ စာစောင်များ၊ လိုက်လံငှားရမ်းပေးခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့ ရွှေဥမင်ဘုန်းတော် ကြီးသင်ပညာရေးကျောင်းသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဇင်ယုခိုင် (ဒုတိယဦးစီးမှူး) က ကျောင်းသားကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေများ ဖတ်ရှု၍ ဗဟုသုတရှာဖွေနိုင်ကြောင်း၊ ကျောင်းအားလပ်ရက်များတွင် ပြန်ကြားရေးနှင့် ပြည်သူ့ စာကြည့်တိုက်သို့ စာငှားကတ်ပြုလုပ်၍ စာအုပ်များ လာရောက်ငှားရမ်းနိုင်ကြောင်း ဟောပြောသည်။ ပြီးနောက် စာအုပ်စာစောင်များငှားရမ်းပေးခြင်း၊ ကျောင်းသားကျောင်း သူများအား စာဖတ်ဝိုင်းပြုလုပ်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ ဆောင်ရန်ရှောင်ရန် နံရံကပ် ဗီနိုင်းပိုစတာ၊ အမျိုးသားနေ့အောင်ပွဲအကြို နံရံကပ်ပြဘုတ်၊ ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်ပိုစတာတို့ကို ပြသပေးခြင်းများဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်တစားကြည့်ရှုကြကြောင်း၊ မိုဘိုင်းစနစ်ဖြင့် ဝတ္ထု၊ မဂ္ဂဇင်း၊ ကလေးများ အတွက် ရုပ်ပြစာအုပ်၊ ပုံပြင်စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ