မိုင်းငေါ့ အောက်တိုဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို မန်လုံရပ်ကွက်ရှိ မြို့မရိပ်သာ ဆုတောင်းပြည့်စေတီ(မီးကွင်းဘုရားကြီး)အား ကထိန်သင်္ကန်းကပ်လှူပူဇော်ခြင်းကို ယနေ့နံနက် (၇)နာရီအချိန်ခန့်က အဆိုပါဘုရားကြီးပရဝဏ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောဿသသုံးကြိမ်ရွတ်ဆိုခဲ့ကြပြီး မဟာမြတ်မုနိဘုရားကြီးကျောင်း ဆရာတော်ဦးဝေပုလ္လထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်သံဃာတော်များမှ မေတ္တာသုတ်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
အဆိုပါ ဆုတောင်းပြည့်(မီးကွင်းဘုရားကြီး)အား မိုင်းငေါ့မြို့ မန်လုံရပ်ကွက်နေ အလှူရှင်စိုင်းချစ်ဌေး၊ စိုင်းကျော်နိုင်ဦး မိသားစုတို့မှ လှူဒါန်းငွေ(၃၂၀၀၀၀/-)မတည်၍ သင်္ကန်းနှင့်လှူဒါန်းခြင်းဖြစ်ပြီး ဆရာတော်သံဃာတော်များအားဝတ္ထုငွေနှင့် အာရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)