ကျောက်ပန်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး လုပ်ငန်းဆောင်ရွက်မှုအဖြစ် ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ Mask Campaign ပြုလုပ်

ကျောက်ပန်းတောင်း အောက်တိုဘာ ၆

ကိုဗစ်-၁၉ မျိုးဗီဇကွဲ ကူးစက်ရောဂါများ ဖြစ်ပွာမှုကို ကြိုတင်တားဆီးကာကွယ်နိုင်ရန်နှင့် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask ကို စနစ်တကျတတ်ဆင်ကြစေရန်အတွက် အသိပညာပေး Mask Campaign ကို ယနေ့နံနက်(၈)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ ဘူတာလမ်းဆုံ မီးပွိုင့်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်းပါဝင်သည့် စုစုပေါင်းအင်အား (၇၅) ဦးဖြင့် မြို့လယ်ဘူတာလမ်းဆုံမီးပွိုင့်တွင် အဖွဲ့နှစ်ဖွဲ့ခွဲ၍ နှာခေါင်းစည်း Surgical Mask အခုရေ (၅၀၀၀) ကို အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အပြင်ထွက်တိုင်း နှာခေင်းစည်း Mask များကို စနစ်တကျ တတ်ဆင်သွား လာကြရန်နှင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိပါက ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံခြင်း၊ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းများကို မဖြစ်မနေဆောင်ရွက်ကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း Mask များ အခမဲ့ဝေငှရာသို့ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များဖြစ်ကြသည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ တို့ကလှည့်လည်ကြည့်ရှု၍ ကြီးကြပ် ဆောင်ရွက်ပေးခဲ့ပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်ထိန်းတပ်ဖွဲ့စုမှ ပူးပေါင်းကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)