မက်မန်း အောက်တိုဘာ ၆
ထိုသို့ ဟောပြောပွဲဆောင်ရွက်ရာတွင် ခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဌ ဒေါ်ညိုက ကျောင်းသားလူငယ်များအား ကျန်းမာသန့်ရှင်းစွာနေထိုင်နိုင်ရေး၊ တစ်ကိုယ် ရေးသန့်ရှင်းရေးအကြောင်း၊ ငှက်ဖျားရောဂါ၊ တီဘီရောဂါအကြောင်းများနှင့် ဖြစ်ပေါ်တတ်သည့် ရောဂါ လက္ခာများကို ဟောပြောခဲ့သည့်။ ထို့နောက် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က ကျောင်းသား၊ ကျောင်းသူများအား အတန်းပညာများကို ဆုံးခန်းတိုင်အောင် သင်ကြားရမည်ဖြစ်ကြောင်း၊ ပညာဖြင့် နိုင်ငံတော်အား ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ပညာရဲရင့် ပွဲလည်တင့်နိုင်စေရန် စာပေဗဟုသုတများကို လိုက်စားရန် လိုအပ်ပါကြောင်း၊ မန်ကန်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင်လည်း စာအုပ်စာပေများကို လာရောက်ဖတ်ရှု့၍ ဗဟုသုတများကို ရှာဖွေ လေ့လာနိုင်ပါကြောင်း ဆွေးနွေးဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် ငှက်ယာင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ ကျောင်းသား/သူ များအား ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် အဟာရမုန့်များကိုလည်းကောင်း၊ ကျေးရွာသူ/ကျေးရွာ သားများအား အိမ်သုံးဆားနှင့် ဆပ်ပြာမုန့်များကို လည်းကောင်း၊ ဆရာ/ဆရာမများအား ကြက်ဉများကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ဟောပြောပွဲအဖွဲ့ဝင်များသည် ငှက်ဟောင်း ကျေးရွာ ကျောင်းထိုင်ဆရာတော်အား ဝတ္ထုငွေများကပ်လှူခြင်း၊ သက်ကြီးဘိုးဘွားများအား အလှူငွေများ ကန်တော့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်၊ပြန်/ဆက်)