ဘီးလင်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ​ကျင်းပ

ဘီးလင်း အောက်တိုဘာ ၆

မွန်ပြည်နယ်၊ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပညာရေးဌာနနှင့် ပူးပေါင်း၍ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုဝင်းက ဆွေးနွေးပွဲပြုလုပ် ရသည့်ရည်ရွယ်ချက်ကို ပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဒေါ်အေးစန္ဒာဝင်းက မြတ်ဆရာ၏အဓိပ္ပါယ်၊ ​ကမ္ဘာ့ဆရာများနေ့ အဖြစ်သတ်မှတ်ခဲ့ပုံနှင့် မြန်မာနိုင်ငံတွင် ကမ္ဘာ့ဆရာများနေ့ စတင်ကျင်းပခဲ့ပုံ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ဆရာ၏အရေးပါသော အခန်းကဏ္ဍများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇာနည်၊ ဘီးလင်း (ပြန်/ဆက်)