သန်လျင်မြို့နယ်မှ သီလရှင် အပါး ၂၅၀၀ အား ဆွမ်းဆန်တော်၊ ဆီများ ဆက်ကပ်လှူဒါန်း

သန်လျင်   အောက်တိုဘာ ၆

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ သီလရှင်စာသင်တိုက်များမှ သီလရှင်ဆရာကြီး၊ ဆရာလေးအပါး(၂၅၀၀)တို့အား ပရိယတ္တိတံခွန်စာမေးပွဲအထောက်အကူပြုကော်မတီနှင့်အလှူရှင်များ စုပေါင်း၍ ဆွမ်းဆန်တော်၊ ဆီများဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်တွင် သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်၌ ကျင်းပသည်။

ဦးစွာနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့မင်းကျောင်းပထမပြန်စာသင်တိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တစန္ဒိမာဘိဝံသဆရာတော်ကြီးထံမှ သီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာရေစက်ချတရား နာယူကြသည်။

ထို့နောက် သန်လျင်မြို့နယ်အတွင်းရှိ သီလရှင်ကျောင်းတိုက်အသီးသီးမှ ကြွရောက်တော်မူလာကြသော သီလရှင်ဆရာကြီး၊ ဆရာလေးအပါး(၂၅၀၀)တို့အား ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)