ဒလ အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တရားဥပေဒစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ကာကွယ်ရေးစစ်ကြောင်းဟူ၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးစစ်ကြောင်းအနေဖြင့် ယမန်နေ့နံနက်(၉:၃၀)အချိန်မှစ၍ နေ့လယ် ၂ နာရီအချိန်အထိ ကျန်စစ်သားရပ်ကွက်၊ မြဝတီမင်းကြီးလမ်းရှိ သာသနာ့ဝေပုလ္လဓမ္မာရုံ၌ အသက် ၁ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်း ပြည်သူမျာအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ပြည်သူများ၊ မိခင်နှင့်ကလေးများအား နှာစည်း Mask များတပ်ဆင်စေခြင်းဖြင့် Mask Campaign များလည်း တစ်ဆက်တည်းဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရှိရသည်။
အဆိုပါဒေသဖွံဖြိုးရေးဆောင်ရွက်မှုကို ကျန်မာရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်း ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဝန်ထမ်း၊ ကျန်းမားရေးဝန်ထမ်းများ၊ ကျန်းမားရေးစစ်ကြောင်းတွင်ပါဝင်သော ဌာနဆိုင်များပူပေါင်း၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး အခြားကျန်းမာရေးစောင့်ရှောက်မှုများကိုပါ ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
မြင့်ဇော် (ပြန်/ဆက်)