ကျိုက်ထိုမြို့နယ်တွင် အသက် (၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ကျိုက်ထို အောက်တိုဘာ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အောက်တိုဘာ (၁)ရက်နေ့မှ စတင်၍ ရပ်ကွက်/ ကျေးရွာများအလိုက်  အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးနေကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၏ ဒုတိယ (၃)လပတ် (ဇူလိုင်၊ဩဂုတ်၊ စက်တင်ဘာ)လများအတွက် (၁)လလျှင်၁၀၀၀ဝိ/-ကျပ်နှုန်းဖြင့် ကျပ် ၃၀၀၀ဝိ/-တိတိကို ရပ်ကွက်/ကျေးရွာအုပ်စု (၄၁)အုပ်စုအတွင်းရှိ ဘိုးဘွား (၅၄၇ )ဦးအတွက် ငွေကျပ် (၁၆၄၁၀၀၀ဝိ/-)ကို လူမှု၀န်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာလွင်နှင့်၀န်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုပြန်/ဆက်