မိုးနဲမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများနှင့်စပ်လျဉ်း၍ မိဘပြည်သူများအား အသိပေးပန်ကြားချက် မြေစိုက်ပိုစတာစိုက်ထူ

မိုးနဲ  အောက်တိုဘာ  ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း  ပုံစံ ၆၆/၆ နှင့်စပ်လျဥ်း၍ အခက်အခဲများရှိပါက သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများသို့ သွားရောက် ဖြေရှင်းနိုင်ကြောင်း မိဘပြည်သူများအား အသိပေးမြေစိုက် ပိုစတာစိုက်ထူခြင်းကို ယနေ့ နံနက်  ၈ နာရီအချိန်က လူစည်ကားသည့် မြို့မဈေးကြီး ရှေ့နေရာတွင် စိုက်ထူခဲ့ကြောင်း သိရသည်။

မြေစိုက်ပိုစတာစိုက်ထူရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုးနဲမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ခိုင် နှင့်ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်း  ပုံစံ ၆၆/၆ နှင့်စပ်လျဥ်း၍ အခက်အခဲ များကို သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးများသို့ သွားရောက်ဖြေရှင်းနိုင်ကြောင်း မိဘပြည်သူများအား အသိပေးမြေစိုက်ပိုစတာကို  စုပေါင်းစိုက်ထူကြသည်။

အဆိုပါမြေစိုက်ပိုစတာတွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ၊ ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်းများ ကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများနှင့်ပတ်သက်သည့် အချက်အလက်များအား နီးစပ်ရာမြို့နယ်ဦးစီးမှူးရုံးများတွင် သွားရောက် ဖြေရှင်းနိုင်ကြောင်းနှင့် သတ်မှတ်ကာလကျော်လွန်ပါက  ဥပဒေနှင့်အညီ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြန်မာဘာသာ/ရှမ်းဘာသာ နှစ်မျိုးဖြင့် အသိပေး ကြေညာထားကြောင်း သိရသည်။

မျိုးညွန့်ရွှေ( မိုးနဲ)