ကျိုက်ထို အောက်တိုဘာ ၆
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show)ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ပြောကြားပြီး အ.ထ.က(၁) အထက်တန်းပြဆရာမ ဒေါ်ခင်လေးနွယ်က ကမ္ဘာ့ဆရာများနေ့ နောက်ခံသမိုင်းကြောင်း၊ ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်၊ ကမ္ဘာ့ဆရာများနေ့အဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့ပုံ၊ ဆရာဆိုသည်မှာ လူသားဥယျာဉ်မှူး၊ ဓားသွေးကျောက်ပမာ အနှစ်နာခံတတ်သူ၊ မီးစာကုန်ဆီခမ်းသည်အထိ အလင်းရောင်ပေးမည့်သူ၊ စေတနာ ဝါသနာ အနစ်နာဟူသည့် နာသုံးနာနှင့်အညီ ဆရာအားလုံးတို့၏ တပည့်များအပေါ် စွန့်လွှတ်ဖြည့်ဆည်း ပေးဆပ်မှုများ စသည့်တို့ကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)