မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲဆောင်ရွက်

မန္တလေး အောက်တိုဘာ ၆

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ကျောင်းသူများ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပခြင်းနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲများကျင်းပရာတွင် မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကလေးငယ်များ အနုပညာရပ်တွင် စိတ်ဝင်စားတတ်စေရန်၊ အရောင်ရွေးချယ်မှုမှန်ကန်စေရန်၊ တီထွင်ကြံဆတတ်စေရန်နှင့် မကြာမီ သီတင်းကျွတ်ကျောင်းပိတ်ရက်များရောက်ရှိပါက အားလပ်ချိန်များတွင် စာပေးဖတ်ရှုခြင်းဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရေးအတွက် စာအုပ်ပြပွဲများ စီစဉ်ပေးရပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

အဆိုပါဆေး ရောင်ခြယ်ပြိုင်ပွဲသို့ ကျောင်းသား/ကျောင်းသူ(၁၀)ဦး ပါဝင်ယှဉ်ပြိုင်ကြောင်း သိရ သည်။

မန္တလေး(ခရိုင်ပြန်/ဆက်)