ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် တောင်သူများသီးနှံစိုက်ပျိုးမှုနည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

ဒဂုံအရှေ့ အောက်တိုဘာ ၅

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒဂုံမြို့သစ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လေးထောင့်ကန်ကျေးရွာဗုဒ္ဓဝါဒီဓမ္မရက္ခိတရိပ်သာတွင် ကျင်းပပြုလုပ်သော တောင်သူများအတွက် သီးနှံစိုက်ပျိုးမှုနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသူက တောင်သူဆွေးနွေးပွဲတွင် အဖွင့်အမှာစကားပြောကြားရာတွင် တောင်သူများသီးနှံများ စိုက်ပျိုးရာ၌ နည်းစနစ်မှန်ကန်၍ အထွက်နှုန်းများတိုးတက်စေရန်ရည်ရွယ်ကာ ယခုဆွေးနွေးပွဲတွင်သီးနှံးစိုက်ပျိူးမှုများအား မေးမြန်းနိုင်ကြောင်းအဖွင့်အမှာစကားအဖြစ်ပြောကြားပြီးနောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနခရိုင်ဦးစီးမှူးဦးဇော်ထွေးက တောင်သူများကိုဆွေးနွေးရာတွင် ဆောင်းသီနှံများတွင်အဓိကဖြစ်သည့် နေကြာစိုက်ပျိုးရေးကိုနည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးနိုင်မည်နည်းလမ်းများ၊ သီးနှံစိုက်ပျိုးရေးအတွက်သိရှိရမည့်အချက်များကို Slide Projector ဖြင့် အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါတောင်သူများသီးနှံစိုက်ပျိုးမှုနည်းပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် လေးထောင့်ကန်ကျေးရွာ၊ မလစ်အရှေ့ကျေးရွာအုပ်စုအနီးအနားမှ တောင်သူ(၁၀၀)ဦးခန့်တက်ရောက်၍ သီးနှံစိုက်ပျိုးရာတွင်လိုအပ်ချက်များ၊ နည်းစနစ်မှန်စိုက်ပျိုးရေးနည်းလမ်းများကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)