တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကမ္ဘာ့ဆရာများနေ့အသိပညာပေး Talk Show ဆောင်ရွက်

တိုက်ကြီး      အောက်တိုဘာ      ၅

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါကမ္ဘာ့ဆရာများနေ့အသိပညာပေး Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းကလျာခိုင်က ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပရခြင်း ရည်ရွယ်ချက်ကို ဆွေးနွေးသည်။ ဆက်လက်၍ အခြေခံပညာမူလတန်းလွန်ကျောင်း မြို့မ( ၇ )မှ ဆရာမဒေါ်လွင်လွင်ထွန်းက မြတ်ဆရာတို့၏ ဂုဏ်ကျေးဇူးကြီးမားပုံကို အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။

စန်းကလျာခိုင်( ပြန် / ဆက်)