အထက - ခွဲ( ၅) ရပ်ကွက်တွင် ကျောင်းသားကျောင်းသူများကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော

နမ့်စန်() အောက်တိုဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လည် ၁နာရီခွဲက အမှတ်()ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးသန်းထွန်း က ဟောပြောပွဲဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက်အမှတ်(၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ် (နမ့်စန်)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ် အောင်ဇော်ဝင်း က ကျောင်းသားကျောင်းသူများကို ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေများ၊ စက်ဘီးစီးသူများ၊ လမ်းလျှောက်သူများနှင့် ဆိုင်ကယ်စီးသူများလိုက်နာရန်စည်းကမ်းများ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် သတိပြုလိုက်နာရမည့်အချက်များကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ရဲအုပ်အောင်ဇော်ဝင်းနှင့်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ကျောင်းသားကျောင်းသူများကို ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ရာ အထက-ခွဲ(၅)ရပ်ကွက်မှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမင်းဦး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)