ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၅
ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် မြတ်ဆရာ ပူဇော်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အ.ထ.က(ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဘုရားကန့်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူးဒေါ်ကြည်ကြည်မြင့်မှ ဝမ်းမြောက်စကားများပြောကြားခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်း ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်လျက်ရှိပြီး ယခုအကြိမ်မြောက်ဆိုလျှင် ဆဌမအကြိမ်မြောက်အဖြစ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သလို မြတ်ဆရာပူဇော်ပွဲအခမ်းအနားတွင်လည်း အငြိမ်းစားယူသွားခဲ့ကြသည့် ဆရာကြီး (၁၁)ဦးနှင့် ဆရာမကြီး(၆)ဦး စုစုပေါင်းဆရာကြီး၊ ဆရာမကြီး(၁၇)ဦးတို့အား တစ်ဦးလျှင် ဂုဏ်ပြုပူဇော် ငွေကျပ်(၆)သောင်းစီကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဒေါ်ကြည်ကြည်မြင့်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)