မိုင်းလွေကျေးရွာအုပ်စု ယန်းခိုင်ကျေးရွာရှိ အိမ်ခြေ၊ အိမ်ထောင်စု လူဦးရေစာရင်းများ မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းယန်း အောက်တိုဘာ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင် ကျေးရွာရှိ အိမ်ခြေ၊ အိမ်ထောင်စု လူဦးရေစာရင်းများ မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီ ကျေးရွားဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ဆိုင်စစ်ဆေးရာတွင် မိုင်းယန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတို့က ယန်းခိုင်ကျေးရွာရှိ အိမ်ခြေ စုစုပေါင်း(၆၃)အိမ်၊ အိမ်ထောင်စု(၆၁)စုနှင့် လူဦးရေ (၄၅၃)ဦးတို့၏ အိမ်ထောင်စုစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး