နေပြည်တော် အောက်တိုဘာ ၅
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူ အချင်းချင်းဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ဈာန် (စွမ်းအင်) ရေးသားထားသည့် “တောင်ဇလပ်ပြာနှင့်မဝေးလိုပါ” စာအုပ်ဖြင့် ယနေ့နံနက်(၁၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် စာရေးဆရာများ၊ စာရေးဆရာမများ ဖြစ်ကြသည့် ဦးစောဦး (ဈာန်_စွမ်းအင်)၊ ဦးစောမျိုးအောင်(အိုင်ပီမျိုးအောင်)၊ ဦးဝင်းနိုင် (ရွှေလက်ပံ့)၊ ဒေါ်ခင်ငြိမ်းအေး(မေချို-ပျဉ်းမနား)၊ ဦးမောင်မောင်တာ(သဘာဝ)၊ ဦးဟန်ညွှန့်(ဟန်ညွန့်-ယဉ်ကျေးမှု)၊ ဦးကျော်လွင် (မှော်ဝန်သား)၊ ဦးမျိုးသန့် (မျိုးလေးကသာ)၊ ဦးလင်းထွဋ် (ကိုလင်း အညာမြေ)၊ ဦးအောင်ဝေး (အောင်ဝေး-ညောင်ခြေထောက်)၊ ဦးဌေးအောင် (အောင်ဆွေထက်-ချွေးမြို့တော်)၊ ဒေါ်နှင်းနှင်းလွင် (လုံမငယ်-လူမှု)၊ ဒေါ်ခင်ဆွေယု (သီရိမေ) တို့က ““တောင်ဇလပ်ပြာနှင့်မဝေးလိုပါ”” စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာ အချက်အလက်များကို မိမိတို့၏ သဘောထားအမြင်များ၊ သုံးသပ်ချက်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)