ရပ်စောက် အောက်တိုဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask Campaign ကို ယနေ့နံနက်ပိုင်းတွင် တောင်ကွက်သစ်ရပ်ကွက်၊ ပြည်သူ့ဆေးရုံရှေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက လမ်းသွားလမ်းလာပြည်သူများ၊ ခရီးသွားပြည်သူများအား နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီးမှသွားလာကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ လိုက်နာကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး နှာခေါင်းစည်း Mask များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)