မှော်ဘီ အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ဒေသအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ် အမှတ်(၂) ရပ်ကွက်ရှိ ရွှေမော်တင်ဓမ္မာရုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဒေသကိုယ်စားပြု ဦးဝင်းစိုးမှ အဖွင့်အမှာစကားပြောကြား၍ စစ်ကြောင်းကြီး(၅)ကြောင်းတွင် ပါဝင်သောဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိတ်ဆက်ပေးပြီး နိုင်ငံရေးစစ်ကြောင်းမှ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်စုံကျော်က နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒလမ်းစဉ်နှင့် ဒို့တာဝန်အရေးသုံးပါး ကိုမမေ့ရန်နှင့် လုံခြုံရေးအထူးဂရုစိုက်ရန် ဒေသဖွံ့ဖြိုးရေးအတွက်ပြည်သူတွေ လိုအပ်ချက်များကို လွတ်လွတ်လပ်လပ်တင်ပြလျှင် ဖြည့်စီးပေးရန် ပြောကြားခြင်း၊ ရဲမှူးကိုယ်စား စခန်းမှူးဆန်ဌေးမှ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာများ အသိပညာပေးဆွေးနွေးခြင်း၊ အုပ်ချုပ်ရေး စစ်ကြောင်း မှအဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်က လူမူရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပြောကြားခြင်း၊ လူမူရေးစစ်ကြောင်းမှ ဒေါက်တာစောမြထွန်းကိုယ်စား ဒေါ်ယုယုမော်မှ ကိုဗစ်-၁၉ ရောဂါနှင့် အပြင်ထွက်တိုင်း Mask နှာခေါင်းစီးတပ်ရန်နှင့် ဆေးထိုးပြီး (၆) လပြည့်တိုင်းပြန်လည် ထိုးရန်မှာကြားခြင်း၊ ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းမှ ဦးတင်စိုးနှင့် ဒေါ်ငုဝါကျော်က ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရေးများ ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကျေးရွာသူ၊ ကျေးရွာသားမျာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်မှ မိမိတို့တင်ပြသည့် အချက်အလက်များကို ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း တွေ့ဆုံပြောကြားခဲ့ကြောင်း သိရသည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှချမှတ်ထားသည့် စည်းကမ်းချက်များနှင့် အညီပြုလုပ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများမှလည်း Mask နှာခေါင်းစီးများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဝင်းဇော် (ပြန် / ဆက်)