ခရမ်း အောက်တိုဘာ ၅
ယနေ့တွင်ကျရောက်သည့် "ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)ကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show)ကိုပြုလုပ်ရခြင်းမှာ ဆရာများ၏ဂုဏ်ရည်ကို ရည်မှန်းဂုဏ်ပြု၍ပြုလုပ်ရခြင်းဖြစ်ကြောင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေကရှင်းလင်းပြောကြားပြီ အ.မ.က(၂ )မူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်မိုးက ကမ္ဘာ့ဆရာများနေ့ စတင်ဖြစ်ပေါ်လာပုံအကြောင်းများ၊ ဆရာ/ ဆရာမများ၏ ဂုဏ်ကျေးဇူးများဆရာများအား မည်သည့်အတွက်ကြောင့် အနန္တဂိုဏ်းဝင်အဖြစ် သတ်မှတ်ခဲ့ပုံများ၊ ဆရာ/ဆရာမများမှ နာ(၃)နာဖြင့် ကျောင်းသား/သူများအား သင်ကြားရေးဆောင်ရွက်နေသည့် အကြောင်းများနှင့် ဆရာ/ဆရာမကြီးများ၏ ဂုဏ်ကျေးဇူးကို အမြဲသတိရစေဖို့ ရည်ရွယ်ပြီး ဒီနေရာကနေ ဆရာ/ဆရာမကြီးများအား ဂါရဝပြုကန်တော့လိုက်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ကိုမင်း (ခရမ်း)