လယ်ဝေးမြို့နယ် Community Centre တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် Talk Show ကျင်းပ

လယ်ဝေး အောက်တိုဘာ ၅

၂၀၂၂-ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်သည့် ‘ ကမ္ဘာ့ဆရာများနေ့ ’ အထိမ်းအမှတ်  Talk Show ကို လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre(လူထုအခြေပြုဗဟိုဌာန)တွင် ယနေ့နံနက်(၉)နာရီက ကျင်းပသည်။

အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် လယ်ဝေးမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်မေချိုမီမောင်တို့က ကမ္ဘာ့ဆရာများနေ့ ဖြစ်ပေါ်လာပုံအ ကြောင်း၊  ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အတွင်းကျင်းပသည့် ပြိုင်ပွဲများအကြောင်း၊ အသိပညာနှင့် အတတ်ပညာတို့ကို သင်ကြားပေးကြသည့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့၏ အဓိပ္ပာယ်များ၊ ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာနှင့် ဂုဏ်ကျေးဇူးအကြောင်း စသည်တို့ကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ ရွှေသွေးကာတွန်း၊ အားကစားလှုပ်ရှားမှု စသည့် အစီအစဉ်များကို ရိုက်ကူး၍ Online မှ တင်ဆက် ပေးလျက်ရှိရာ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် Talk Show အစီအစဉ်ကိုလည်း We Love Leiway Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)