ရှေးဟောင်းသမိုင်း၀င် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ သီတင်းကျွတ်ဗုဒ္ဓပူဇနိယပွဲတော်နှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

တွံတေး     အောက်တိုဘာ  ၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့ကျက်သရေဆောင်ရှေးဟောင်းသမိုင်း၀င် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၂၀၂၂ ခုနှစ်၊ သီတင်းကျွတ်ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီမိနစ် ၃၀ က တွံတေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သမိုင်း၀င်ရွှေဆံတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော သီတင်းကျွတ်လဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပနိုင်ရေးအတွက် နေရာထိုင်ခင်းများကြိုတင်ပြင်ဆင်နိုင်ရေး၊ ဆွမ်းဆန်စိမ်းများလောင်းလှူနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီဆောင်ရွက်နိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များ အပါအ၀င်ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍အတွင်းရေးမှူးရဲမှူးမျိုးဦးမှ ဘုရားပွဲတော်ကျင်းပနိုင်ရေးအတွက် ပင့်ဖိတ်သံဃာတော်များအရေအတွက်အား စာရင်းတိကျစွာရလျှင် အလှူရှင်များမှ လှူဖွယ်ပစ္စည်းများကြိုတင်စီမံနိုင်ကြောင်း လုံခြုံရေးအရေးကြီးသောကာလဖြစ်၍ လုံခြုံရေးတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

အဖွဲ့၀င်(၂)ဦး၀င်းမြင့်မှ ဆွေးနွေးရာတွင် သီတင်းကျွတ်ကာလဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် တက်ရောက်လာသူများမှ ဝိုင်း၀န်းကူညီဆောင်ရွက်ပေးစေလိုကြောင်း အကြံပြုဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသည့် ဌာနများနှင့်အုပ်ချုပ်ရေးမှူးများ ဂေါပကအဖွဲ့၀င်

များမှ ဆွမ်းဆန်စိမ်းလောင်းလှူမည့်အခြေအနေ နေရာထိုင်ခင်းကြိုတင်ပြင်ဆင်မည့်ကိစ္စ ရပ်ကွက်များတွင် ဖွဲ့စည်းထားရှိပြီးသည့်ပြည်သူ့လုံခြုံရေးအဖွဲ့များ တာ၀န်ချထားနိုင်ရေးကိစ္စတို့ကို ဆွေးနွေးကြကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်အတွင်းရေးမှူးရဲမှူးမျိုးဦး၊ အဖွဲ့၀င်(၂)ဦး၀င်းမြင့်၊ အဖွဲ့၀င်(၃)ဦး၀င်းမြင့်ဦး မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရွှေဆံတော်စေတီဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

တွံတေးသား