ရွှေပြည်သာ အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်(၁ဝး၃၀)တွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရွှေပြည်သာမြို့နယ်ပညာရေးမှူးဆရာကြီးဦးဝင်းမြင့်မှ အဖွင့်အမှာစကားပြောကြားပြီး ကမ္ဘာ့ဆရာများနေ့ အကြောင်းအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်ဟောပြောပွဲသို့ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများတက်ရောက်ကြပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)