တောင်ဥက္ကလာပ အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club တို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်ဆွေနှင်းက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်းသည် ကျေးဇူးရှင်ဆရာများ၏ ဂုဏ်ကျေးဇူးကိုအမှတ်ရ၊ သတိတရရှိစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် Book Club အဖွဲ့ဝင် စာရေးဆရာမ မြမဉ္ဇူဝေ(ကျုံမငေး)မှ ကမ္ဘာ့ဆရာများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆရာများ၏အခန်းကဏ္ဍ၊ ဆရာများ၏ လေးစားထိုက်မှု အခြေအနေများကို ပြည့်စုံစွာ ရှင်းလင်းဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ဥက္ကလာပမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ချိတ်ဆက်၍ Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)