ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရေး Handspeaker နှင့် အပူချိန်တိုင်းစက် (Thermometer)များ ပေးအပ်

ဥတ္တရသီရိ      စက်တင်ဘာ    ၁၇

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရေးအတွက် Hand speaker နှင့် အပူချိန်တိုင်းစက် (Thermometer)များ ပေးအပ်ခြင်းကို ယမန်နေ့က ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦး က Hand speakerနှင့် အပူချိန်တိုင်းစက် (Thermometer)များ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား တစ်အုပ်စုလျှင်  Hand speakerနှင့် အပူချိန်တိုင်းစက် (Thermometer) တစ်ခုစီကို ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများသို့ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် အချိန်ပိုလုပ်အားခ တစ်နေ့လျှင် ငွေကျပ် (၄၈၀၀/-) နှုန်းဖြင့် စုစုပေါင်း (၁၉)ရက်စာအတွက် တစ်ဦးလျှင် ငွေကျပ် (၉၁၂၀၀/-)ဖြင့် စုစုပေါင်း (၁၀)ဦးစာ အတွက် ငွေကျပ် (၉၁၂၀၀၀/-) အား ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)