ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသရုံး Community Centre ခန်းမတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်

နမ့်ဆန် အောက်တိုဘာလ ၅           

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ပညာရေးဌာနနှင့် ပူးပေါင်းပြီး ယနေ့နံနက်(၁၁)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းခြင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်ထက်ထက်လင်းက ကမာ္ဘ့ဆရာများနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆရာများ၏အခန်းကဏ္ဍ၊ ဆရာဆိုရာတွင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟူ၍ သုံးမျိုးရှိသည့်အနက် သင်ဆရာမှာ ကျေးဇူးအထူးများကြောင်း၊ (၃၈)ဖြာမင်္ဂလာတရားတော်ထဲမှ ပူဇော်ထိုက်သူများကို ပူဇော်ခြင်းသည်လည်း မင်္ဂလာတစ်ပါးဖြစ်သည်ကို ဟောပြထားသလို  ဆရာဟူသော ဝေါဟာရသည် “ဆာယာ”မှ လာသည်ဟူ၍လည်းကောင်း “အာစရိယ”လာသည်ဟူ၍လည်းကောင်း “ဆာယာ”၏ အနက်မှာ “အရိပ်”ဖြစ်ပါသည် “အရိပ်”သည် မည်သူ့ကိုမဆို ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့စေပါကြောင်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။

နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး Talk Show အပါအဝင် ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေး အစီအစဉ်များကိုလည်း ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိပါကြောင်း သိရပါသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)