ညောင်ရွှေ အောက်တိုဘာ ၅
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခြင်းကို ယနေ့နံနက် ၈ နာရီက ညောင်ရွှေမြို့မ မင်္ဂလာဈေးနှင့် မြို့မဈေး မီးပွိုင့်လမ်းဆုံနေရာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဈေးအတွင်းရှိ ဈေးရောင်းချသူ များနှင့် ဈေးဝယ်သူများ၊ လမ်းသွား၊ လမ်းလာပြည်သူများကို ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ၁၀၀၀ ကို အခမဲ့ဖြန့်ဝေပေး၍ စနစ်တကျတပ်ဆင်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းနှင့် တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် စည်ပင် သာယာရေးဌာနတို့မှ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်