အမရပူရမြို့နယ် စာတိုးကျေးရွာ၌ ပန်းခင်းစီမံချက်အဆင့်၂ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ၂၀၂၃အတွက် မြေပြင်မဲစာရင်းမဲဆန္ဒရှင် မှန်ကန်ရေးတိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်

အမရပူရ အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် စာတိုးတွင်ကျေးရွာအုပ်စု၊ စာတိုးကျေးရွာ အောင်သုခဓမ္မာရုံတွင် ယနေ့နံနက် ၉ နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ အမရပူရမြို့နယ် ဦးစီးမှူးရုံးက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်မရှိသေးသော ကျေးရွာသူ၊ ကျေးရွာသားများကိုပန်းခင်း စီမံချက်အဆင့် ၂ ဖြင့်ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ၂၀၂၃ မြေပြင်မဲစာရင်းမဲ ဆန္ဒရှင်စာရင်းမှန် ကန်ရေးတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။

ယခုစာတိုးကျေးရွာအုပ်စု ပန်းခင်းစီမံချက်အဆင့် ၂ ကို ခရိုင်ဦးစီးမှူးဒုတိယညွှန်ကြားရေးမှူး ဦးဇော်နိုင်မင်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်းနှင့် ရုံးအဖွဲ့တို့သည် စာတိုးကျေးရွာအုပ်ချုပ်ရေးမှူး၏ ဖိတ်ကြားချက်အရ ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ် ကြောင်းသိရသည်။ စာတိုးကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ကြိုတင်စာရင်းပေးပို့ထားသော နိုင် ၃(က)နိုင်ငံသားစိစစ်ရေးကတ် ကျား ၁၁၂ဦးမ ဦး ပေါင်း ၂၀၂ ဦး၊ နိုင်-၆(က)အိမ် ထောင်စုစာရင်း ကျား ၂၆ဦး မ ၂၇ဦးပေါင်း ၅၃ ဦး၊ စုစုပေါင်း ကျား(၁၃၈)ဦးမ(၁၁၇)ဦးစုစုပေါင်း (၂၅၅)ဦးအား ဆောင်ရွက်ပေးခဲ့ပြီး မိဘပြည်သူများသို့ အသိပေးကြေငြာချက် လက်ကမ်းစာစောင် (၃၂၀)ရွက် ကိုဖြန့်ဝေခြင်းနှင့် မြို့နယ်ကော်မရှင်မှ ပေးပို့လာသော စာတိုးကျေးရွာအုပ်စုရှိ စာရင်းများအားမြေပြင်စာရင်းကိုက်ညီရေးတို့ကိုသာ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းဆောင်ရွက်မည့်သူ အများအပြားကျန်ရှိနေသဖြင့် အောက်တို ဘာ ၁၅ ရက်နေ့တွင် ပြန်လည်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးသီဟ(အမရ)