သုံးခွမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အသိပညာပေး (Talk Show) ကျင်းပ

သုံးခွ အောက်တိုဘာ ၅

ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)ကို  ရန်ကုန်တောင်ပိုင်းခရိုင်၊     သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။

ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show)ကို ပြုလုပ်ရခြင်းမှာ ဆရာများ၏ဂုဏ်ရည်ကို ရည်မှန်းဂုဏ်ပြု၍ပြုလုပ်ရခြင်းဖြစ်ကြောင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးကရှင်းလင်းပြောကြားပြီးအ.ထ.က(၁)ကျောင်းမှ အထက်တန်းပြဆရာမဒေါ်တင်တင်မြင့်က ကမ္ဘာ့ဆရာများနေ့ စတင်ဖြစ်ပေါ်လာပုံအကြောင်းများ၊ ဆရာ/ဆရာမများ၏   ဂုဏ်ကျေးဇူးများဆရာများအား မည်သည့်အတွက်ကြောင့် အနန္တဂိုဏ်းဝင်အဖြစ်သတ်မှတ်ခဲ့ပုံများ၊ ဆရာ/ဆရာမများမှ နာ(၃)နာဖြင့် ကျောင်းသား/သူများအား သင်ကြားရေးဆောင်ရွက်နေသည့် အကြောင်းများနှင့် ဆရာ/ဆရာမကြီးများ၏ ဂုဏ်ကျေးဇူးကို အမြဲသတိရစေဖို့ ရည်ရွယ်ပြီး ဒီနေရာကနေ ဆရာ/ဆရာမကြီးများအား   ဂါရဝပြုကန်တော့လိုက်ပါကြောင်း  ဆွေးနွေးပြောကြားခဲ့သည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အထိမ်းအမှတ်နေ့များတွင် အသိပညာဗဟုသုတရရှိအောင် လူငယ်များအတွက် Online Talk Show များဖြင့် အသိပညာပေးလုပ်ငန်းများကို   စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်