ပေါက်တောမြို့ လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ကလေးအလုပ်သမား ပပျောက်ရေး  အသိပညာပေး (Talk Show) ပြုလုပ်

ပေါက်တော အောက်တိုဘာ ၅

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ယမန်နေ့ နံနက်ပိုင်းက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး(Talk  Show) ဆွေးနွေးပွဲ ပြုလုပ်ကြသည်။

ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး (Talk Show )ဆွေးနွေးပွဲ ပြုလုပ်ခြင်းနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး မြို့နယ် ဥပဒေအရာရှိ ဦးအောင်ပိုင်ဖြိုး က ကလေးအလုပ်သမားများ ဥပဒေ၊ အသက်အရွယ် အပိုင်းအခြားအလိုက ်သတ်မှတ်ထားသည့် ကလေးအလုပ်သမားများ ဥပဒေ၊ ကလေးအလုပ်သမားများနှင့် ပတ်သက်၍ ဥပဒေအရ အကာအကွယ်၊ ကလေးသူငယ်များကို အလုပ်ခိုင်းစေခြင်းနှင့် ပတ်သက်သော ပြစ်ဒဏ်များ စသည့်အကြောင်း အရာများကို အကျယ်တဝင့် အသိပညာပေး ဆွေးနွေးပြောကြားသည်။

ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ် မိတ်ဆက်ခြင်း၊ စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းနှင့် အသိပညာပေး (Talk Show ) အစီအစဉ်များ ရိုက်ကူးကာ ပေါက်တောမြို့နယ် Facebook Page တွင် တင်ဆက်ပေးလျက် ရှိသည့်အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်စာစောင်များအား ရွေ့လျားစာကြည့်တိုက် အဖြစ် ကွင်းဆင်းကာ အခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)