မက်မန်း အောက်တိုဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အခမ်းအနားမှူးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၈) နာရီက ကျင်းပခဲ့သည်။
ထိုသို့ဆောင်ရွက်တွင် မက်မန်းခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ဥက္ကဋ္ဌ ဒေါ်ညိုက အဖွင့်အမှာစကား ပြောကြားပြီး မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချို က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းယုဝေက သင်တန်းသူများကို အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသူ (၁၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ အောက်တိုဘာလ(၅)ရက်မှ (၇)ရက်နေ့အထိ(၃)ရက်ကြာ စာတွေ့လက်တွေ့ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)