မိုင်းဖြတ်မြို့နယ်၌  သတ္တမအကြိမ်မြောက်နှစ်ကျိပ်ရှစ်ဆူ ဝင်္ကဘာမီးထွန်းပွဲတော်ဖဲကြိုးဖြတ် ဖွင့်လှစ်ပွဲကျင်းပ

မိုင်းဖြတ် အောက်တိုဘာ ၅

ရှေးဦးစွာ အလှူရှင်ဒကာ၊ ဒကာမများက နမောတသ ၃ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဈေးတန်း (ကွက်သစ်)ရပ်ကွက်ရှိ စိတ္တသုခကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဓမဝံသကထံမှ ဘုရားစင်းတုတော်(၂၈)ဆူအား နှစ်ကျိပ်ရှစ်ဆူဝင်္ကဘာသို့ ပင့်ဆောင်ယူပြီး ဆီမီးများဖြင့် ထွန်းညှိပူဇော်ကန်တော့ကြသည်။ ယင်းနောက် နှစ်ကျိပ်ရှစ်ဆူ ဝင်္ကပါမီးထွန်းပွဲတော်ကို စိတ္တသုခကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဓမဝံသက၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ နှစ်ကျိပ်ရှစ်ဆူ ဝင်္ကပါ မီးထွန်းပွဲတော်ကို အောက်တိုဘာ ၄ ရက် နေ့မှ ၉ ရက်နေ့( သီတင်းကျွတ် လဆန်း (၁၀)မှ လပြည့်နေ့)အထိ  ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်တွင် ဝင်္ကပါမီးထွန်းပွဲတော်ကို ၂၀၁၄ ခုနှစ်မှစ၍ စိတ္တသုခကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဓမဝံသ၏ ဦးဆောင်မှုဖြင့် အလှူရှင်များက ဝိုင်းဝန်းကြိုးပန်း ဆောင်ရွက်ပြီး ကိုဗစ်-၁၉ရောဂါ အခြေအနေများကြောင့် ပွဲတော်ကို နှစ်ကြိမ်မကျင်းပနိုင်ခဲ့ ကြောင်း၊ ယခုနှစ် ၂၀၂၂ခုနှစ်တွင် သတ္တမအကြိမ်မြောက် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပွဲတော်ရက်များတွင် မြို့နယ်အတွင်းမှ အများပြည်သူများ၊ ရပ်နီးရပ်ဝေးမှ ပြည်သူများ လာရောက်လည်ပတ်ကြပြီး ဝင်္ကပါအတွင်း နှစ်ဆယ့်ရှစ်ဆူသော ဘုရားစင်းတုတော်များကို ဖူးမျှော်ကြည်ညိုခြင်း၊ ဆီမီးများ ထွန်းညှိပူဇော်ခြင်း၊ ကုသိုလ်ပြုဆုတောင်းခြင်းတို့ဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)