မူဆယ်မြို့တွင် တရုတ်ငွေဈေး အနည်းငယ်ပြန်တက်

မူဆယ် အောက်တိုဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ယမန်နေ့နံနက်ပိုင်း၌ တရုတ်ငွေ လဲလှယ်နှုန်းသည် (၂၄၀)ယွမ်ကို ကျပ်(၁)သိန်းအထိ အနည်းငယ် ပြန်တက်လာကြောင်း သိရပါသည်။

အဆိုပါ ငွေလဲလှယ်ရာတွင် လက်ငင်းပေး တရုတ်ငွေ(၂၄၈)ယွမ်ကို မြန်မာငွေ (၁)သိန်းကျပ်၊ စပါယ်ရှယ်အကောင့်မှတစ်ဆင့် လဲလှယ်နှုန်းသည် (၂၄၇)ယွမ်ကို ၁ သိန်းကျပ်နှင့် K-pay အကောင့်မှ လဲလှယ်နှုန်းသည် (၂၄၀)ယွမ်ကို ၁ သိန်းကျပ်အထိ အမျိုးမျိုး ငွေဈေးအပြောင်းအလဲ ရှိနေကြောင်း သိရပါသည်။ ယင်း ငွေလဲလှယ်ဈေးနှုန်းသည် (၁၅) မိနစ်တွင်တစ်ကြိမ် ပြောင်းလဲနေ၍ ငွေကြေးမတည်ငြိမ်မှုကြောင့် အရောင်းအဝယ်သမားများအတွက် များစွာအခက်အခဲဖြစ်နေသည်ဟု ကုန်သည် လုပ်ငန်းရှင်များထံမှ သိရသည်။

၀၀၉(မူဆယ်)