မိုးမိတ်မြို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုးမိတ် အောက်တိုဘာ ၅  

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်  တောင်ကိုင်းကျေးရွာအုပ်စု ဒိုးပင်ကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ကြရာတွင် ဒိုးပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဇရပ်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဘော်၊  ဗိုလ်မှူးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံ၍ နယ်မြေဒေသအေးချမ်းသာယာရေးနှင့် တရာဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကိစ္စရပ်များအပြင် နိုင်ငံသားစီစစ်ရေးကတ်ပြားပြုလုပ်ခြင်နှင့်  အိမ်ထောင်စုရင်း များဆောင်ရွက်ပေးခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် မိမိတို့အသုံးပြုလျက်ရှိသော  SIM CARD များ အသုံးပြုရာတွင် မိမိတို့အမည်၊နိုင်ငံသား စီစစ်ရေးကတ်ပြားအမှတ်စသည့် အချက်အလက်များနှင့်ကိုက်ညီ၍ မှန်ကန်စွားအသုံးပြုနိုင်ရေး ဆွေးနွေးဟောပြောခဲ့ကြပြီး ဒေသခံမိဘပြည်သူများ၏ တင်ပြချက်များကို ပြန်လည်ဖြေရှင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ကျန်းမာရေး စောင့်‌ရှောက်မှုများကို ဆောင်ရွက်ပေးကြကြောင်း သိရသည်။

စည်သူဌေး(ခရိုင်ပြန်/ဆက်)