လွိုင်လင် အောက်တိုဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများကို နေမင်းရောင်ကုမ္ပဏီမှ ပြည်ထောင်စုလမ်းမကြီးနှင့် မွေတော်ကျောင်းလမ်း လမ်းဆုံနေရာ၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်နေကြောင်း သိရသည်။
လွိုင်လင်မြို့သည် ယခုနှစ်တွင် မိုးများပြီး မြို့တွင်းလမ်းအချို့နှင့်အနိမ့်ပိုင်းရပ်ကွက်များတွင် မကြာခဏ ရေနစ်မြှပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ နေမင်းရောင်ကုမ္ပဏီက BOT စနစ်ဖြင့်ဆောင်ရွက်နေသည့် တောင်ကြီး - လွိုင်လင် - နမ့်စန် ပြည်ထောင်စုလမ်းမကြီး၏ လမ်းဘေးဝဲယာရေနုတ်မြောင်းများနှင့် မြို့တွင်းမှစီးဆင်းလာသည့် ရေမြောင်းဆုံရာ နေများတွင် ရေနုတ်မြောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့လုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိတို့က ကွင်းဆင်းကြည့်ရှု့အားပေးကြသည်။
ခရိုင်(ပြန်/ဆက်)