သန်လျင်အထက ၂ အာစရိယပူဇော်ပွဲကျင်းပ

သန်လျင် အောက်တိုဘာ ၄

သန်လျင်မြို့ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲကို ယမန်နေ့ နံနက်တွင် ယင်းကျောင်းရှိ ဘိုးရာဇာဘက်စုံခန်းမ၌ ကျင်းပသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက ကန်တော့ချိုးတိုင်ပေးပြီး မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ ကျောင်းအုပ်ဆရာမကြီးနှင့် အတန်းမှူးများ၊ ဆရာ၊ ဆရာမများအား ပူဇော်ကန်တော့ကြသည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်စံသာနုနှင့် အတန်းမှူးများ၊ ဆရာ၊ ဆရာမများအား ဂါရပြုလက်ဆောင်များကို ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်းပေးအပ်ကြသည်။

ယင်းနောက် ကျောင်းအုပ်ဆရာမကြီးနှင့် အတန်းမှူးဆရာမများက ဆုပေးသြဝါဒစကားများ ပြောကြားကြပြီး အခမ်းအနားအား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)