တိုက်ကြီးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး မွမ်းမံသင်တန်းဖွင့်ပွဲ ကျင်းပ

တိုက်ကြီး  အောက်တိုဘာ  

ရန်ကုန်တိုင်းဒေသကြီး  တိုက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သည့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉နာရီခန့် က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဇော်ချစ်ထက် တို့က မီးသတ်ဝတ်စုံနှင့် ဆေးသေတ္တာများပေးအပ်ခဲ့ရာ သင်တန်းသားများက လက်ခံရယူခဲ့ကြသည်။

အဆိုပါအရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းကို သင်တန်းသား ၅၀ ဦးဖြင့် အောက်တိုဘာ ၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် အခြေခံလက်နက်မဲ့ စစ်ရေးပြဘာသာရပ်၊ မီးသတ်ပညာ ဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေး ပညာဘာသာရပ်နှင့် ရှေးဦးသူနာပြုစုခြင်း ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင်  (ပြန်/ဆက်)