လှိုင်သာယာ(အနောက်ပိုင်း) အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်မွန်းလွဲပိုင်း(၂)နာရီအချိန်က လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မီးသတ်စခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က သင်တန်းအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဖွဲ့မှာ မြို့နယ်မီးသတ်ဦးစီးအရာရှိဦးရန်နိုင်ဖြိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှ(၄)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)